မဲခေါင်-လန်ချန်း စီမံကိန်း အထူးရန်ပုံငွေဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ PV နည်းပညာ အဆင့်မြင့် သင်တန်းများ ဖွင့်လှစ်မည်

မြန်မာနိုင်ငံ အမျိုးသားအဆင့် ဆိုလာစွမ်းအင် မြှင့်တင်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်းစီမံကိန်းမှ ပေါ်ပေါက်လာသည့် နေရောင်ခြည်စွမ်းအင်ပြခန်းနှင့် လေ့ကျင့်ရေးစင်တာ ဖွင့်လှစ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ပြန်ပြည့်မြဲစွမ်းအင်သုတေသနဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာလှမျိုးအောင်နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။