မဲခေါင်-လျန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကျင်းပ

မဲခေါင်-လျန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရံပုံငွေ(၂၀၂၂)ဖြင့် ဆောင်ရွက်သည့် မဲခေါင်-လျန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို နိုဝင်ဘာ(၃၀)ရက်နေ့က ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာမှာ ကျင်းပခဲ့ခြင်းနှင့်ပတ်သက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညိုဝင်း၊ ရွာသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတုတ်ဖြူနှင့် မြန်မာ့အသံသတင်းထောက်မျိုးဇာဇာဦးက တွေ့ဆုံမေးမြန်းထားပါသည်။