မိုးကြိုကာလဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေ

မြန်မာနိုင်ငံ၏ ပထမဆုံးမုန်တိုင်းရာသီတွင် မိုးကြိုကာလဖြစ်ပြီး လက်ရှိအချိန် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များမှာ နေ့အချိန်ပူပြင်းလွန်းပြီး ညနေချိန်ခါတွင် မိုးတိမ်တောင်များဖြစ်နေသည့်အတွက် မိုးရွာသွန်းမှု အခြေအနေများ ဖြစ်ပေါ်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အောက်မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်းထားပါသည်။