မကွေးတိုင်းဒေသကြီးအတွင်း မိုးမြေပဲ(၄၃,၆၀၀) ဧက စိုက်ပျိုးနိုင်ခဲ့

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သန်း (၁၃,၀၈၀)ဖြင့် မိုးမြေပဲ(၄၃,၆၀၀) ဧက စိုက်ပျိုးခဲ့ရာ တောင်သူများမျိုးစေ့နှင့် သွင်းအားစုများ အချိန်မီရရှိသည့်အတွက် သီးနှံအထွက်တိုးပြီး ဝင်ငွေတိုးစေခဲ့ခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ ဆီစက်လုပ်ငန်းရှင် (၃)ဦး၊ ဆီထွက်သီးနှံမိုးမြေပဲစိုက် တောင်သူ (၂)ဦးတို့နှင့် မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။