မင်းဘူးမြို့နယ်၊ ကျောက်စစ်ပုံကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ ကျောက်စစ်ပုံကျေးရွာနှင့် ဓူဝံကျေးရွာကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည့် ကျောက်စစ်ပုံကျေးလက်ကျန်းမာရေးဌာနခွဲကို ခွင့်ပြုရန်ပုံငွေကျပ် (၇၅) သန်းနှင့် တည်ဆောက်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်နှင့်ပတ်သက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးဦးလှိုင်မျိုးကျော်နဲ့ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။