မြင်ကွန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စိုက်ပျိုးရေ လုံလောက်စွာပေးဝေနိုင်ပြီဖြစ်

မြင်ကွန်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စိုက်ဧရိယာအားလုံးစိုက်ပျိုးရေ ပေးဝေနိုင်ရန် (၁၆၅)ကီလိုဝပ်ဆိုလာစနစ်ကို တွဲဖက်တပ်ဆင်ပြီးဖြစ်သည့်အတွက် မြင်ကွန်းဒေသရှိ အကျိုးပြုဧက (၅၀၀)ကို စိုက်ပျိုးရေ လုံလောက်စွာပေးနိုင်ပြီး တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ပြီဖြစ်ခြင်းနှင့်ပတ်သက်၍ မကွေးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းကြည်၊ မြင်ကွန်းဒေသမှ တောင်သူများနှင့် မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။