မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် တောင်ဦးကျေးရွာမှာ လူဦးရေ (၃,၃၆၁) ဦးအတွက် အကျိုးပြုမယ့် ကျေးလက် ကျန်းမာရေးဌာန (စံတိုက်) တည်ဆောက်ပြီးစီးနေပြီဖြစ်တယ်လို့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး၏ ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။