မြန်မာ့ကော်ဖီကို အမေရိကန်၊ ဥရောပ၊ ဂျပန်အပါအဝင် နိုင်ငံ(၇)နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိ

မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧက (၄၀,၀၀၀)ခန့်ရှိရာ ရှမ်းပြည်နယ်၌ အများဆုံး စိုက်ပျိုးလျက်ရှိပြီး အထူးတန်းဝင်ကော်ဖီများ၊ Commercial Coffee များကို အမေရိကား၊ ဥရောပနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ရောင်ချလျက်ရှိသည်ဟု မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးမျိုးအေး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်းထားပါသည်။