မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ ကြီးမှူးပြီး သီတင်းကျွတ်ဈေးရောင်းပွဲတော်ကြီး ကျင်းပ

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ ကြီးမှူးပြီး သီတင်းကျွတ်ဈေးရောင်းပွဲတော်အဖြစ် ရန်ကုန်မြို့၊ UMFCCI ရှေ့တွင် အောက်တိုဘာ (၁၂) ရက်မှ (၁၄) ရက်နေ့အထိ ဆီပိဿာချိန် (၅၀,၀၀၀) ကျော်အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ဆီစက်ပိုင်ရှင် တစ်ဦး၊ ဈေးဝယ်သူများနှင့် မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က တွေ့ဆုံမေးမြန်းထားပါသည်။