မြန်မာနိုင်ငံ သီးနှံ (၈) မျိုး၏ ကုမ္ပဏီစာရင်းကို တရုတ်နိုင်ငံ GACC က တောင်းခံလျက်ရှိ

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ တရားဝင်တင်ပို့ခွင့်ရထားသည့် သီးနှံ(၈)မျိုး၏ ကုမ္ပဏီစာရင်းများအား တရုတ်နိုင်ငံ(GACC)သို့ ပေးပို့သွားရမည်ဟု မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သူ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါ သည်။