မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိအမြင်အာရုံ ချို့ယွင်းသော ရောဂါမှာ အတွင်းတိမ်ရောဂါဖြစ်

မျက်စိအစိတ်အပိုင်းများဖြစ်သည့် မျက်ခွံ၊ မျက်လုံးအိမ်၊ မျက်ကြည်လွှာ၊ အမြင်လွှာစသည့်အစိတ်အပိုင်းအလိုက် မျက်စိ ရောဂါများ ဖြစ်ပွားနိုင်ပေမည့်မြန်မာနိုင်ငံတွင် အသက်အရွယ်ကြောင့် ဖြစ်ပွားနိုင်သည့် အတွင်းတိမ်ရောဂါ ဖြစ်ပွားမှုနှုန်းက အများဆုံးဖြစ်နေပြီး ခွဲစိတ်ကုသမှုခံယူပါက ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်နိုင်သည်ဟု ရန်ကုန်မျက်စိဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာခင်ဥမ္မာခိုင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် စန်းစန်းဝေက ဆက် သွယ်မေးမြန်းထားပါသည်။