မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် သစ်ပင်သစ်တောနှင့် ရေဝေရေလဲဧရိယာများ ထိန်းသိမ်းရန်လိုအပ်

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွမ်းမှုသည် တဖြည်းဖြည်းလျော့နည်းလာခြင်းကြောင့် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ပြန်လည်အစားထိုးစိုက်ပျိုးရန် စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဖုန်းဝေ၏ ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက်‌ အောင်ဇေယျာဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။