မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်များ လေ့ကျင့်မှုပြုလုပ်

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားအတွက် ရွှေကြိုမောင်မယ်အယောက် (၄၀) အား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် လေ့ကျင့်မှုများ ပြုလုပ်ပေးလျက်ရှိခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ရွှေကြိုကြီးကြပ် ဦးသိန်းအောင်၊ ရွှေကြိုမောင်မယ်များနှင့် မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က တွေ့ဆုံမေးမြန်းထားပါသည်။