မွန်ပြည်နယ်တွင် မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများအတွက်နှင့် ရာဘာစိုက်တောင်သူများအတွက် ချေးငွေထုတ်ချေးပေးနိုင်မှု

မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး နိုင်ငံတော်စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း (၅၁၆ ဒသမ ၄)သန်းနှင့် ရာဘာမှိုင်းရုံလုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း (၄၀၀) ထုတ်ချေးပေးပြီးဖြစ်သည်ဟု ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးလှမိုးအောင်၏ ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက် နေမိုးသွင်က ဆက်သွယ်မေးမြန်းထားပါသည်။