မန္တလေးမြို့တွင် ပဲဆီ၊ နှမ်းဆီ ဈေးရောင်းပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းတို့ပူးပေါင်းပြီး ပဲဆီ၊ နှမ်းဆီ ဈေးရောင်းပွဲကို နိုဝင်ဘာလ (၂)ရက်နှင့် (၃)ရက်နေ့များတွင် မန္တလေးမြို့ ရတနာပုံစင်တာရှေ့တွင် ရောင်းချပေးလျက်ရှိခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်၊ လာရောက်ဝယ်ယူသူများနှင့် မြန်မာ့အသံသတင်းထောက် အောင်ဇေယျာဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။