မုသားနောက်ကွယ်က ဘဝများအစီအစဉ်

မုသားနောက်ကွယ်ကဘဝများအစီအစဉ်မှ တရုတ်နိုင်ငံကို ရောင်းစားခံရသည့် ဧရာဝတီတိုင်းဒေသကြီးက အမျိုးသမီး တစ်ဦးအကြောင်း၊ ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် MOU သက်တမ်းပြည့်ပါက Over Stay စာရင်း မဝင်စေရန် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဘန်ကောက်မြို့က အသိပေး ထားရှိသည့်အကြောင်းနှင့် တစ်ပတ်အတွင်း လူကုန်ကူးမှု တားဆီးနှိမ်းနင်းရေးဥပဒေနှင့် အမှု(၁)မှု ပြစ်ဒဏ်ချမှတ်ခဲ့သည်နှင့်ပတ်သက်ပြီး ရဲမှူးခင်မာကြည်၏ ရှင်းလင်းပြောကြားချက်များကို စုစည်းတင်ပြထားပါသည်။