နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စုမှ တောင်သူများအား ပေါ်ဆန်းမျိုးစပါးနှင့် ဓာတ်မြေဩဇာများ ပေးအပ်ပွဲကို ဇွန်လ (၆)ရက်နေ့က ကျင်းပခဲ့ခြင်းနှင့်ပတ်သက်ပြီး နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်နှင့် မြန်မာ့အသံ သတင်းထောက် မင်းထွဋ်ခေါင်က တွေ့ဆုံမေးမြန်းထားပါသည်။