နေပြည်တော်၊ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးနေမှု

နေပြည်တော် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးတွင် နေပြည်တော်(၈)မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ နိုင်ငံသားများအား နိုင်ငံကူးလက်မှတ်ထုတ်ပေးလျက်ရှိရာ တစ်ရက်လျှင် နိုင်ငံကူးလက်မှတ်(၁၅၀)နှုန်း သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိခြင်းနှင့်ပတ်သက်ပြီး နေပြည်တော်၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံး တာဝန်ခံဒုတိယရဲမှူးညွန့်လွင်၊ နိုင်ငံကူးလက်မှတ်လာရောက်ပြုလုပ်သူများနှင့် မြန်မာ့အသံသတင်းထောက် ခင်သူဇာကျော်က ဆက်သွယ်မေးမြန်းထားပါသည်။