နေပြည်တော်၊ တ‌ပေါင်းကွင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချပေးလျက်ရှိ

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးရောင်းပွဲတော်ကို နေပြည်တော်၊ တပေါင်းကွင်းတွင် မေလ (၁၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ ရောင်းချပေးလျက်ရှိခြင်းနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် မြန်မာ့အသံသတင်းထောက် မင်းထွဋ်ခေါင်က တွေ့ဆုံမေးမြန်းထားပါသည်။