နေပြည်တော်အတွင်းရှိ ကျေးရွာ (၃၅) ရွာတွင် မွေးမြူရေးလုပ်ကိုင်နိုင်ရန် ငွေကျပ်သန်းပေါင်း (၃,၂၀၀) ကျော် ထုတ်ချေးပေးလျက်ရှိ

နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မွေးမြူရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှအရင်းမပျောက်မ,တည်ငွေကျပ် သန်းပေါင်း (၃,၂၀၀)ကျော် ထုတ်ချေးပေးလျက်ရှိသည်ဟု နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ စံထွန်းဝေ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်မှ ဆက်သွယ်မေးမြန်းထားပါသည်။