ငှက်ဖျားရောဂါ အမြစ်ပြတ်ပျောက်ကင်းနိုင်ရန် ငှက်ဖျားဆေးကို ဆေးပတ်လည်အောင် သောက်သုံးသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထား

ငှက်ဖျားရောဂါကူးစက်မှုရှိသည့် ဒေသများတွင် နေထိုင်သူများ၊ တောတောင်နှင့် ဆက်စပ်ပြီး အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ဖျားနာတိုင်းတွင် ငှက်ဖျားရောဂါ သံသယရှိနိုင်သဖြင့် စဖျားချိန်မှစ၍ (၂၄)နာရီအတွင်း ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနနှင့် ငှက်ဖျားရောဂါ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများထံသို့ အမြန်ဆုံးသွားရောက်သွေးစစ်ပြီး ရောဂါတွေ့ရှိပါက ငှက်ဖျားဆေးကို ဆေးပတ်လည်အောင် သောက်သုံးသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ပွင့်ဖြူဖြူ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက ဆက်သွယ်မေးမြန်းထားပါသည်။