ငါးမွေးမြူရေးကန်များ ရေနစ်မြုပ်မှုမရှိစေရေး သတိပေးချက် ထုတ်ပြန်ထားရှိ

မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် မြစ်ရေကြီးမှုများကြောင့် ငါး၊ ပုစွန်မွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင် ကာကွယ်ရန်နှင့် ဆုံးရှုံးမှုများ လျော့နည်းစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာနက သတိပေးချက် ထုတ်ပြန်ထားရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးမြင့်ရွှေ၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံ သတင်းထောက် စန်းစန်းဝေက ဆက်သွယ် မေးမြန်း ထားပါသည်။