နီပေါ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြပွဲကျင်းပ

မြန်မာ-နီပေါ နှစ်နိုင်ငံဆိုင်ရာ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများကို နှီးနှောဖလှယ် ပြသပေးသွားမည့် ၂၀၂၅ ခုနှစ် နီပေါ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို ကျင်းပရခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံရုံးမှ သံအမတ်ကြီး မစ္စတာဟရိရှ်ကျန်ဒရာဂီမီရေး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်တို့နှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။