နီပေါနိုင်ငံ IT ကုမ္ပဏီများမှ ဘဏ်နှင့်ငွေကြေးကဏ္ဍတွင် နည်းပညာပိုင်းဆိုင်ရာ ဈေးကွက်ချဲ့ထွင်မှုများ မြန်မာနိုင်ငံတွင် လုပ်ဆောင်သွားမည်

မြန်မာနိုင်ငံဆိုင်ရာ နီပေါသံရုံး၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း၊ ချေးငွေလုပ်ငန်း၊ အာမခံလုပ်ငန်းများတွင် နည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် နီပေါနိုင်ငံ IT ကုမ္ပဏီ(၁၃)ခုမှ IT Software များနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို မေလ (၃၁) ရက်နေ့က ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်၌ ကျင်းပခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ နီပေါသံရုံးမှ သံအမတ်ကြီး မစ္စတာ ဟာရီဆန်ဒါဂီမီရီနှင့် မြန်မာ့အသံ သတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။