နိုင်ငံကူးလက်မှတ်လျှောက်ထားရေးအတွက် Online Booking လျှောက်ထားမှုကို ဖေဖော်ဝါရီ (၂၄)ရက်နေ့မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာန၊ ဌာနခွဲမှူး ဒုတိယ ရဲမှူးကြီး သန့်ဇော်ထွန်း၏ ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက် ခင်ရူပါထွေးက တွေ့ဆုံ မေးမြန်းထားပါသည်။