နိုင်ငံတကာသတင်း

ဒီဇင်ဘာလ (၁၈) ရက်နေ့ ညနေပိုင်းမှာ တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်နေတာကြောင့် ရှန်ဟိုင်းမြို့ရှိ မူကြိုကျောင်းနဲ့ သူငယ်တန်းအားလုံးကို ပိတ်ထားဖို့ ညွှန်ကြားထားတဲ့သတင်းနဲ့ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ဂျပန် ပင်လယ်ထဲ ပစ်လွတ်ခဲ့တဲ့သတင်း စတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရနိုင်ငံတကာသတင်း တွေကို ဒေါ်ခင်ရတနာခိုင်က တင်ပြထားပါတယ်။