နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်ပိုင်း နိုင်ငံတကာသတင်း

ဂါဇာဒေသတွင်းက ဓားစာခံတွေ ပြန်လည်လွတ်မြောက်လာရေးနှင့်ပတ်သက်ပြီး သဘောတူညီချက်မရသေးဟု အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုမှ ပြောကြားခဲ့သည့်သတင်းနှင့် သီရိလင်္ကာနိုင်ငံသည် နျူကလီးယားဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများ ရှာဖွေနေသည်ဆိုသည့်သတင်း စသည့်သတင်းများ အပါအဝင် နောက်ဆုံးရ နိုင်ငံတကာသတင်းများကို ဒေါ်ခိုင်ခိုင်ပြုံး က တင်ပြထားပါသည်။