ရန်ကုန်တိုင်းဒေသကြီး၊ ညောင်နှစ်ပင်စိုက်ပျိုးရေးဇုန်တွင် တိရစ္ဆာန်ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်ဟု တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာတိုးမင်းထွန်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နေမိုးသွင်က ဆက်သွယ်မေးမြန်းထားပါသည်။