နတ်မောက်မြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့် မြေပဲမျိုးများစိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်သည် ဆီထွက်သီးနှံမြေပဲကို နှစ်စဉ်ဧက (၅၀,၀၀၀)ကျော် စိုက်ပျိုးလျက်ရှိရာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေပဲမျိုးသန့် ပြောင်းလဲစိုက်ပျိုးနိုင်ရန်ရည်ရွယ်ပြီး သုတေသန မျိုးစမ်းသပ်ကွက်များကို မြို့နယ်အတွင်းရှိ တောင်သူများအား စိုက်ပျိုးပြသလျက်ရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ချို၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက ဆက်သွယ်မေးမြန်းထားပါသည်။