ဩဂုတ် (၁၄ ) ရက်နေ့ ညနေ(၆)နာရီ နိုင်ငံတကာသတင်း

အရှေ့အလယ်ပိုင်းဒေသတွင် ရေရှည်တည်တံ့ပြီး ခိုင်မာသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောကြားခဲ့သည့်သတင်းနှင့် ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးချုပ်သည် ဝန်ကြီးချုပ်ဆရက်သာ-သာဗီဆင်ကို ရာထူးကနေဖယ်ရှားလိုက်သည့်သတင်း စသည့်သတင်းများအပါအဝင် နောက်ဆုံးရနိုင်ငံတကာသတင်းများကို ဒေါ်အေးချစ်စုက တင်ပြထားပါသည်။