Online မှ ကျင်းပသည့် FIAP အသိအမှတ်ပြု နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံမှဆုကြီးများ ရရှိ

မြန်မာနိုင်ငံဓာတ်ပုံအသင်းမှကြီးမှူးပြီး FIAP အသိအမှတ်ပြု နိုင်ငံတကာ ဓာတ်ပုံ ပြိုင်ပွဲ Myanmar International Photo Circuit 2024 ကို မြန်မာနိုင်ငံ၊ ချီလီနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပူးပေါင်းကာ(၃)နိုင်ငံ Circuit ပြိုင်ပွဲအဖြစ် Online မှ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှဆုကြီးများ အသီးသီးဆွတ်ခူးရရှိခဲ့သည်ဟု မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ အတွင်းရေးမှူး ဦးကျော်ကျော်ဝင်း၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်းထားပါသည်။