ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ပဲခူးမြို့ပေါ်ရှိရပ်ကွက်အချို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥများအား ဈေးကားများဖြင့် လိုက်လံရောင်းချ ပေးလျက်ရှိခြင်းနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန (ပဲခူးတိုင်းဒေသကြီး) ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဦးဝင်းဗိုလ်၊ မြန်မာစီပီလိုက်ဖ်စတော့ (ပဲခူးရုံးခွဲ)မှ မန်နေဂျာ ဦးဟိန်းဇော်သက်၊ ပြည်သူများနှင့် မြန်မာ့အသံသတင်းထောက် မျိုးဇာဇာဦးက တွေ့ဆုံမေးမြန်းထားပါသည်။