ပဲခူးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (၂၁)ကြိမ်မြောက်အဖြစ် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိ

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်း အစီအစဉ်ကို ပဲခူးမြို့၊ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် လစဉ်(၂၁)နေ့ရောက်တိုင်း ဆောင်ရွက်ပေးလျက်ရှိရာ (၂၁)ကြိမ်မြောက် ရှိပြီဖြစ်ခြင်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ ပဲခူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများနှင့် မြန်မာ့အသံသတင်းထောက် မျိုးဇာဇာဦးက တွေ့ဆုံမေးမြန်းထားပါသည်။