ပဲခူးမြို့တွင် သူနာပြုနှင့် သားဖွားများ၏ အရည်အသွေးတိုးမြှင့်ရေး အသိပညာဆွေးနွေးပွဲကျင်းပ

ပဲခူးမြို့တွင် သူနာပြု၊ သားဖွားများ၏ သူနာပြုစုမှု အရည်အသွေးတိုးမြှင့်ရေးအတွက် အသိပညာဆွေးနွေးပွဲကို အောက်တိုဘာ(၄)ရက်နေ့က ပဲခူးမြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်၊ သားဖွားသင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမွန်တို့နှင့် မြန်မာ့အသံသတင်းထောက် မျိုးဇာဇာဦးက တွေ့ဆုံမေးမြန်းထားပါသည်။