ပဲကို အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့နိုင်ရန် နည်းပညာပိုင်းဆိုင်ရာ လိုအပ်မှုများရှိနေ

မြန်မာနိုင်ငံမှ  ပဲများကို ကုန်ကြမ်းအဖြစ်သာ ပြည်ပသို့ အများဆုံးတင်ပို့နေသော်လည်း ကုန်ချောအဖြစ် တင်ပို့မှုမှာ ပမာဏ အနည်းငယ်သာရှိနေပြီး ကုန်ချောထုတ်လုပ်နိုင်ရန် နည်းပညာပိုင်းနှင့် အစားအစာဘေးကင်းလုံခြုံမှုအပိုင်းတွင် လိုအပ်ချက်များရှိနေသည်ဟု မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ အကြံပေး ဦးစိုးဝင်းမောင်၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။