ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညနေပိုင်း နိုင်ငံတကာသတင်း

အင်ဒို-ပစိဖိတ်ရေကြောင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သည့်အနေဖြင့် ဂျပန်ကမ်းခြေစောင့်တပ် ကင်းလှည့်သင်္ဘောဟာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗီယက်နမ်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့သည်ဟုဆိုသည့် သတင်းနှင့် သီရိလင်္ကာနိုင်ငံတွင် ဆေးဝါးပြတ်လပ်မှုများကြောင့် အရေးတကြီးမဟုတ်သည့် ခွဲစိတ်မှုအားလုံးကို ဆိုင်းငံ့ထားရန် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့်သတင်း စတဲ့သတင်းများ အပါအဝင် နောက်ဆုံးရနိုင်ငံတကာသတင်းများကို ဒေါ်ခိုင်ဇာဝင်းက တင်ပြထားပါတယ်။