PLAN STORY (မျှစ်ခြောက်)

နေပြည်တော်မှ ထွက်ရှိသည့် မျှစ်များကို  မျှစ်ခြောက်အဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နေခြင်းကြောင့် ဒေသခံများ အလုပ်အကိုင်အဆင်ပြေလျက်ရှိခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ နရိန္ဒြာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းခင်အုန်း၊ ပုဗ္ဗသီရိမြို့နယ်၊ တဲကုန်းကျေးရွာမှ မျှစ်ချိူးသူ ကိုခင်မောင်နိုင်တို့နှင့် ဆက်သွယ်မေးမြန်းထားပါသည်။