ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဦးစီးပြီး မြို့ပေါ်ရပ်ကွက်များတွင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေခြင်းနှင့်ပတ်သက်ပြီး ဓာတ်ပေါင်းစု လူမှုကူညီရေးအသင်း၊ ဥက္ကဋ္ဌ ဦးကျော်တင့်၊ ပြည်သူများနှင့် မြန်မာ့အသံသတင်းထောက်အောင်ဇေယျာဝင်းက တွေ့ဆုံ မေးမြန်းထားပါသည်။