ပြည်ထောင်စုနေ့အကြို ပြည်တွင်း MSMEs လုပ်ငန်းများ မြှင့်တင်ရေး ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပ

ပြည်တွင်း MSMEs လုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်းများ အရောင်းမြှင့်တင်ရေးနှင့် ဈေးကွက်ရရှိနိုင်ရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြို ပြည်တွင်း MSMEs လုပ်ငန်းများ မြှင့်တင်ရေးဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ ဝန်ကြီးများရုံးတွင် ဇန်နဝါရီ(၂၅)ရက်မှ (၂၇)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ဦးရဲရင့်မှူး၊ ပြခန်းတာဝန်ခံ၊ လာရောက်ကြည့်ရှုသူပြည်သူများနှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။