ရေနံချောင်းမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် ချောင်းတိမ်ချောင်း ပြန်လည်တူးဖော်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ပေါ်ရှိ ချောင်းတိမ်ချောင်း တစ်လျောက်ရေစီးရေလာကောင်းမွန်စေရန်နှင့် ချောင်းဘေးပတ်လည်ရှိ လူနေရပ်ကွက်များ၊ စာသင်ကျောင်း များရေဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ချောင်းတိမ်ချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် မြန်မာ့အသံသတင်းထောက် နုယဉ်ဝင်းက တွေ့ဆုံမေးမြန်းထားပါသည်။