ရွှေပြည်သာမြို့နယ်ရှိ ရွှေမဲဆိပ်ကမ်းနှင့်မုတ္တမဆိပ်ကမ်းကို အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချဆိပ်ကမ်းအဖြစ် သတ်မှတ်

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် တည်ဆောက်ထားသည့် ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမ ဆိပ်ကမ်းတို့အား အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ဧပြီလ (၂၄) ရက်နေ့တွင် စတင် ခွင့်ပြုပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရန်ကုန်ပို့ကုန် သွင်းကုန်ရုံးတာဝန်ခံ ညွှန်ကြားရေးမှူး ဦးအုန်းဌေး၊ Shwe Me Logistics Services Co;Ltd Shwe Me Terminal တာဝန်ခံမန်နေဂျာ ဦးကျော်လွင်၊ Mottama Logistics Co;Ltd Operation manager ဦးမြင့်မောင်မောင်တို့နှင့် မြန်မာ့အသံ သတင်းထောက် မျိုးမြင့်မြင့်မြတ်က တွေ့ဆုံမေးမြန်းထားပါသည်။