ရိုဂျင်းမြန်မာဘိလပ်မြေစက်ရုံမှ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဘိလပ်မြေအိတ်များ ရောင်းချပေးရန် စီစဉ်ထားရှိ

သီလဝါအထူးစီးပွားရေးဇုန်ရှိ ရိုဂျင်းမြန်မာဘိလပ်မြေစက်ရုံမှ ငလျင်ဒဏ်ခံစားခဲ့ရသည့်ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် ဘိလပ်မြေအိတ်များကို စက်ရုံထုတ်ဈေးတစ်အိတ်လျှင် ကျပ်(၂၄,၀၀၀)နှုန်းဖြင့် ရောင်းချပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိခြင်းနှင့်ပတ်သက်ပြီး ရိုဂျင်းမြန်မာဘိလပ်မြေစက်ရုံမှ မန်နေဂျင်းဒါရိုက်တာ မစ္စတာဟွမ်ဆောင်းထက်ဒ်၊ အရောင်းတာဝန်ခံ ဦးထူးအောင်ကျော်တို့နှင့် မြန်မာ့အသံသတင်းထောက်စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။