ရှင်သန်ခြင်းကမ်းလက်များအစီအစဉ်

ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး လယ်ယာမြေများရေနစ်မြုပ် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးက အများဆုံးဖြစ်ကြောင်းနှင့် သက်တမ်းတိုသည့် မျိုးစပါးများကို ပြောင်းလဲစိုက်ပျိုးသင့်သည့်အကြောင်းနှင့် ရှမ်းပြည်နယ်အတွင်း သဘာဝဘေးဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန် စက်လှေ (၂၂)စီးကို ရေဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် နေရာများသို့ ခွဲဝေပေးထားပြီး မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း မြို့နယ်အလိုက် သဘာဝဘေး ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် တာဝန်ချထားပြီးဖြစ်သည့်အကြောင်းများကို စုစည်းတင်ပြထားပါသည်။