ရှင်သန်ခြင်းကမ်းလက်များအစီအစဉ်

ရှင်သန်ခြင်းကမ်းလက်များအစီအစဉ်မှ ဩဂုတ်လ(၂၆)ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်(၆၀) ကျော် အမိုးလန်ပျက်စီးခဲ့သည့်သတင်း၊ ငါးမွေးမြူတောင်သူများအနေဖြင့် ငါးမွေးမြူရေကန်များကို ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းရေးအတွက် လုပ်ဆောင်ရမည့်အချက်များကို ငါးလုပ်ငန်းဦးစီးဌာနက သတိပေးနှိုးဆော်ဆောင်ရွက်ထားသည့်သတင်းနှင့်အတူ လတ်တလောဖြစ်ပေါ်လာနိုင်မည့် မိုးလေဝသသတင်းများကို စုစည်းတင်ပြထားပါသည်။