ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှူး ဒေါက်တာတိုးအောင်၏ ပြောကြားချက်အရသိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ်မေးမြန်းထားပါသည်။