ရန်ကုန်မြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ကျင်းပ

၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို "မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက် အောင်မြင်ဖို့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့"ဆောင်ပုဒ်ဖြင့် စက်တင်ဘာ (၁၆)ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အ.ထ.က (၂)တွင် ကျင်းပခဲ့ခြင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်နှင့်မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။