ရန်ကုန်မြို့တွင် မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ ကျင်းပလျက်ရှိ

မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲကို နို၀င်ဘာ(၂၆) ရက်မှ (၂၈)ရက်နေ့အထိ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပလျက်ရှိခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးမင်းသိမ်း၊ ပြခန်းတာဝန်ခံများနှင့် မြန်မာ့အသံသတင်းထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။