ရန်ကုန်မျက်စိရောဂါ အထူးကုဆေးရုံကြီး၌ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း အတွင်းတိမ်လူနာပေါင်း (၁၀,၀၀၀)နီးပါးကို ခွဲစိတ်ကုသမှုများ လုပ်ဆောင်ပေးခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီးတွင် ကုသပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် တစ်နှစ်တာ ကာလအတွင်း မျက်စိရောဂါဝေဒနာရှင်လူနာပေါင်း (၁၀၀,၀၀၀)ကျော်ကို ကုသမှုပေးခဲ့ရာ အဆိုပါလူနာများထဲမှ အတွင်းတိမ်လူနာပေါင်းလူနာပေါင်း (၁၀,၀၀၀) နီးပါးကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်နှင့် မြန်မာ့အသံသတင်းထောက်စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။