ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲတွင် ဆုငွေကျပ်သိန်း(၉၀၀)ကျော် ချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာ ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲကို ဒီဇင်ဘာ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိခြင်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး တိုင်းပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်၊ အကဲဖြတ်ဒိုင်အဖွဲ့ချုပ် ဦးမောင်မောင်၊ ပထဆုရအသင်းမှ တာဝန်ရှိသူတို့နှင့် မြန်မာ့အသံသတင်း ထောက် စန်းစန်းဝေက တွေ့ဆုံမေးမြန်းထားပါသည်။