မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့ထိ ကောက်ယူသွားမည်ဟု ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး၏ ပြောကြားချက်အရ သိရသည်။ မြန်မာ့အသံသတင်းထောက် မျိုးမြင့်မြင့်မြတ်က ဆက်သွယ် မေးမြန်းထားပါသည်။